Wednesday, December 21, 2016

ဘဝကိုပုံသေတွက်မထားနဲ့

ဘဝကိုပုံသေတွက်မထားနဲ့

(၁) ပစ္စည်းဥစ္စာတွေ ရှာဖွေလို့ရတဲ့ အခါမျိုးတွေရှိသလို မရတဲ့ အခါမျိုး
      တွေလဲဘဲရှိမယ်။
(၂) မိဘဆွေမျိုး အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း
      ပျော်ပျော်ပါးပါး နေရတဲ့ အခါမျိုးတွေ ရှိသလို တစ်ယောက်ထီးတည်း
      နေရတဲ့ အခါမျိုးတွေလဲဘဲ ရှိမယ်။
(၃) ချီးမွမ်းထောပနာ သြဘာသံတွေ ကြားရတဲ့ အခါမျိုးတွေရှိသလို အပြစ်
      တင်ကဲ့ရဲ့ရှုတ်ချတဲ့ စကားသံတွေ ကြားရတဲ့ အခါမျိုးတွေလဲဘဲရှိမယ်။
(၄) ချမ်းသာသုခတွေ စံစားရတဲ့ အခါမျိုးတွေ ရှိသလို ဆင်းရဲဒုက္ခတွေ ခံစား
      ရတဲ့ အခါမျိုးတွေလဲဘဲ ရှိမယ်။
လူတိုင်းကြုံတွေ့ရမယ့်ဒီလောကဓံတရား(၈)ပါးမှာ အကောင်းနဲ့ပဲတွေ့တွေ့
အဆိုးနဲ့ပဲကြုံကြုံ မတုန်မလှုပ် ရင်ဆိုင်ရဲတဲ့ စွမ်းရည်ရှိအောင် ကြိုးစားထား
ဖို့လိုအပ်ပါတယ်။

ယောင်တောင်တောင်မလုပ်ပါနဲ့

နေရေးကို ဦးစားပေးပြီး စီးပွားဥစ္စာ ရှာဖွေနေတာကို မှားတယ်လို့ မဆိုနိုင်ပါ။
သေရေးကို ဦးစားပေးပြီး တရားအလုပ်ကို တကယ်လုပ်နေရင်လဲ မှားတယ်လို့
မဆိုနိုင်ပါ။ အဲဒီလိုမဟုတ်ဘဲ စီးပွားရေးသမား ယောင်ယောင် တရားသမား
ယောင်ယောင်လုပ်နေရင် တရားသမား ယောင်ယောင်လုပ်နေရင် စီးပွးဥစ္စာလဲ
မရ တရားလဲမရ (ဖွတ်မရ ဓားမဆုံး၊ ဖောဌ်မရ ဓမ္မဆုံး)ဆိုတာမျိုးဖြစ်သွားတတ်
ပါတယ်။ယောင်တောင်တောင် လုပ်နေရင် ရူးတူးတူးဖြစ်သွားတတ်ပါတယ်။
ကိုယ်တကယ် စိတ်ဝင်စားတဲ့ အလုပ်ကိုတကယ်ဖြစ်အောင် လုပ်ဖို့အရေးကြီး
ပါတယ်။

ဘယ်တော့အားမှာလဲ?

"မအားသေးလို့ပါ"ဆိုတဲ့ အကြောင်းပြချက်နဲ့တရားအလုပ်ကို မလုပ်သေးဘဲ
စီးပွားရေးကိုဇောက်ချလုပ်လာလိုက်တာ စီးပွားရေးလဲပြည့်စုံ ရောဂါတွေလဲရ
အသက်တွေလဲကြီးလာခဲ့ပါပြီ၊ အဲဒီလို အချိန်မျိုးမှာမှ တရားအလုပ်ကိုတကယ်
မလုပ်ဖြစ်သေးဘူး မလုပ်ချင်သေးဘူး မလုပ်နိုင်သေးဘူးဆိုရင် သင့်လို လူ
အတွက် ဟောစရာတရားလဲ မရှိတော့ပါ။ပြောစရာ စကားလဲမရှိတော့ပါ။

သူခေါ်ရင်မအားသော်လဲသွားရမြဲ

အားလို့ သေသွားရတဲ့ မသာ(အသုဘ) ဆိုတာ ဒီလောကမှာ မရှိသလောက်ပါ။
အဲဒီလို မအားသော်လဲဘဲ သေမင်းခေါ်တဲ့နေ့ကျရင် ခေါ်တဲ့နေ့မှာပဲချက်ချင်း
မလိုက်ချင်ဘဲနဲ့ မသွားချင်ဘဲနဲ့ လိုက်သွားကြရမှာဖြစ်ပါတယ်။

ဓမ္မဂုဏ်ရောင် ဆရာတော် အရှင်တေဇိန္ဒ

No comments:

Post a Comment