သဆုံးခြင်းအကြောင်းတရား (၄) မျိုး
(၁) သက်တမ်းကုန်၍သေဆုံးခြင်း (အာယုက္ခယ မရဏ)
(၂) ကံကုန်၍သေဆုံးခြင်း (ကမ္မက္ခယ မရဏ)
(၃) သက်တမ်းလည်းကုန်ကံလည်းကုန်၍သေဆုံးခြင်း(ဥဘယက္ခယ မရဏ)
(၄) ဥပစ္ဆေဒကကံကြောင့် (ပယောဂကြောင့်သေဆုံးရခြင်း)(ဥပစ္ဆေဒက မရဏ) ဟူ၍လေးမျိုးရှိပါသည်။
အမှတ်စဉ် ၁ မှ ၃ ထိမှာ ကာလမရဏ (အချိန်စေ့၍သေခြင်း) ဟုခေါ်ပြီး အမှတ်စဉ် ၄ မှာ အကာလမရဏ(အချိန်မစေ့မီ သေဆုံးခြင်း) ဟုခေါ်ပါသည်။
အကြောင်းတရား လေးပါးကြောင့် သေဆုံးခြင်းမှာ ဆီမီးခွက်မှ မီးငြိမ်းသည့်ဥပမာနှင့်တူသည်။
ဥပမာအားဖြင့် -
၁ ။ လောင်စာဆီကုန်ခမ်း၍မီးငြိမ်းခြင်း
၂။ မီးစာကုန်၍ မီးငြိမ်းခြင်း
၃။ မီးစာလည်းကုန် ဆီလည်းကုန်၍ မီးငြိမ်းခြင်း
၎။ ပြင်ပ ပယောဂ သို့မဟုတ် တစ်စုံတစ်ယောက်ကတမင် မူတ်သတ်၍သော်လည်းကောင်း လေပြင်းတိုက်ခတ်၍သော်လည်းကောင်း မီးငြိမ်းခြင်းတို့ ဖြစ်ပါသည်
No comments:
Post a Comment