အသောကကျောက်တိုင်၏ ရည်ရွယ်ချက်နှင့်အနှစ်သာရ
အသောကကျောက်တိုင်၏
ရည်ရွယ်ချက်နှင့်အနှစ်သာရ
~~~~~~~~~~~~~~~~~~~
သီရိဓမ္မာမင်းကြီးသည်
(၁)ငါသည် တိုင်းပြည်နှင့်သာသနာ
အတွက်နွားကဲ့သို့သည်းခံ၍
ရုန်းတော့မည်ဆိုသည့် ရည်ရွယ်
ချက်ဖြင့် ကောလိယတိုင်း ရွာမ
ရွာအနီးစိုက်ထူထားသည့်
ကျောက်တိုင်ထိပ်တွင် နွားလား
ဥဿဘရုပ်ကိုတင်ခဲ့သည်။
(၂)ငါသည် သာသနာတော်နှင့်
လူသားတို့အတွက် မြင်းကဲ့သို့
လျှင်မြန်သွက်လက်စွာ ဆောင်
ရွက်မည်ဆိုသည့် အဓိဋ္ဌာန်ဖြင့်
မြတ်စွာဘုရားရှင်ဖွားမြင်တော်
မူရာ လုမ္ဗိနီတွင် စိုက်ထူထား
သောကျောက်တိုင်ထိပ်တွင်
သိန္ဓောမြင်းကိုတင်ခဲ့သည်။
(၃)ငါသည် တိုင်းပြည်နှင့် သာသနာ
တော်အတွက် ဆင်ကဲ့သို့
ခွန်အားအပြည့်ဖြင့် ဆောင်ရွက်
တော့မည်ဆိုသည့်ရည်ရွယ်ချက်
ဖြင့် မြတ်စွာဘုရား တာဝတိံသာ
မှ ဆင်းသက်တော်မူရာ
သင်္ကဿမြို့ တံခါးဝတွင် စိုက်ထူ
သည့်ကျောက်တိုင်ထိပ်တွင်
ဆင်ရုပ်ကိုတင်ခဲ့သည်။
(၄)ငါသည် တိုင်းကျိုး ပြည်ကျိုး
သာသနာအကျိုး သယ်ပိုးရာ၌
လည်းကောင်း တိုင်းပြည်
အန္တရာယ် သာသနာ့အန္တရာယ်
အသွယ်သွယ်ကို ကာကွယ်
စောင့်ရှောက်ရာတွင် လည်း
ကောင်း ခြင်္သေ့ကဲ့သို့သတ္တိရှိရှိ
ပြုလုပ်ဆောင်ရွက်မည်ဆိုသည့်
သူရစိတ် ဝီရိယစိတ် တို့ကို
ဖော်ညွှန်းသည့် အနေဖြင့်
ဗာရာဏသီ မိဂဒါဝုန်တွင်
စိုက်ထူခဲ့သည့်ကျောက်တိုင်
ထိပ်တွင် ကေသရသီဟရာဇာ
ခြင်္သေ့ရုပ်ကို တင်ထားခဲ့သည်။
ဤသည်ကား အသောက ကျောက်တိုင်၏ရည်ရွယ်ချက်နှင့်
အနှစ်သာရများဖြစ်တော့သည်
ဗုဒ္ဓဘာသာဝင်တို့သည် သီရိဓမ္မာ
မင်းကဲ့သို့ သာသနာတော်နှင့်
တိုင်းပြည်အပေါ်မှာ ရည်ရွယ်
သည့်အတိုင်း စွမ်းဆောင်နှိုင်သော
ပုဂ္ဂိုလ်များ ယခုအခါ များစွာရှိခဲ့
ပါမူ တိုင်းပြည်နှင့် သာသနာ
အလွန်တရာ အေးချမ်းသာယာ၍
စည်ပင်ဝပြောကာ ထွန်းလင်း
တောက်ပ နေမည်မှာ မြေကြီး
လက်ခတ် မလွဲရာတည်း။
ဗုဒ္ဒဘာသာတိုင်းသာ ဒီအသိ
မျိုးများရှိကြပါမူကား(ရှိကြလျှင်) အော်ကောင်းလေစွ ဟုသာ တောင့်တမိလေတော့သည်။
ကိုယ်စိတ်နှစ်ဖြာကျန်းမာ
ချမ်းသာကြပါစေ
အားလုံရဲ့ ChanMin ပါ
No comments:
Post a Comment