Saturday, November 12, 2016

Srilanka24

စရိပါဒတောင်သည် မီတာ(2243)နီးပါးမြင့်ပြီး၊ မည်သည့်နေရာအတက်လမ်းတွင်မှ ပြေ ပြေပြစ်ပြစ်တက်ရသည်မဟုတ်ဘဲ ဇောက်နက်ကြီးများချည်း ဖြစ်ပါသည်၊၊ ကျောက်ကြမ်းလှေကား- ထစ်နက်နက်ကြီးများ ဖြစ်ပါသည်၊၊ ပေ(7359)မြင့်ပါသည်၊၊

အသက်အန္တရာယ်ကို ပမာမထားမထားဘဲ ဘာသာရေးကြည်ညိုစိတ်သက်သက်ဖြင့် ပင်ပင်ပမ်းပမ်း တက်ရသည့်တောင်ဖြစ်ပါသည်၊၊ စရိပါဒတောင်ထိပ်တွင် မြတ်စွာဘုရားရှင်သည် သီဟိုဠ်ကျွမ်းသို့ တတိယအကြိမ် ကြွတော်မူစဉ်က ခြေတော်ရာတစ်ဆူကို နောင်လာနောင်သားတို့ကိုးကွယ်ရန် ထားရစ် တော်မူပါသည်၊၊

ထူးခြားသည်မှာ စရိပါဒတောင်ပေါ်သို့ “ခရစ်ယန်၊ ဟိန္ဒူ၊ မွတ်စလင်နှင့် ဗုဒ္ဓဘာသာ”ဘာသာကြီး(4)- ခုမှ ဘာသာဝင်တို့ယုံယုံကြည်ကြည်တက်ပြီး ဘုရားဖူးနေကြသောကြောင့် ဖြစ်ပါသည်၊၊ ခရစ်ယန် ဘာသာဝင်တို့သည် စရိပါဒတောင်ထိပ်မှ ခြေတော်ရာကို အာဒံ၏ခြေရာဟု ယုံကြည်နေပြီး၊ “အာဒံ”၏ ခြေတော်ရာကိုလာဖူးကြသည်ဟု ဆိုပါသည်၊၊

ဟိန္ဒူဘာသာဝင်တို့ကလည်း “ဟိန္ဒူနတ်ဘုရား”ကြီး၏ခြေတော်ရာဟု ယုံကြည်ပြီး၊ တက်ရောက်ဖူး မျှော် နေကြခြင်းဖြစ်ပါသည်၊၊ “မွတ်စလင်”တို့ကမူ “တမန်တော်မိုဟာမက်”၏ အထိမ်းအမှတ်ခြေတော် ရာဖြစ်သည်ဟုဆိုပြီး၊ တက်ရောက်ဖူးမျှော်နေကြခြင်း ဖြစ်ပါသည်၊၊

“စရိပါဒ”တောင်ပေါ်သို့နေ့ခင်းတက်လျင် နေရှိန်ကြောင့်ညပိုင်းတက်သည်ထက် နှစ်ဆပင်ပမ်းသော်လည်း ဘာသာကြီးလေးခုမှ မတူညီသည့်လူလေးမျိုးတို့ နိုင်ငံအသီးသီးမှလာရောက်ဖူးမျှော်နေကြ သည်ကိုတွေ့ရသဖြင့် ထူးခြားသည့်ခံစားမှုဖြစ်ရပါသည်၊၊ ဘာသာတစ်ခုနှင့်တစ်ခုကို ပြဿနာတစ်စုံ တရာမဖြစ်ကြဘဲ ယုံကြည်ရာကို အေးအေးချမ်းချမ်းပူဇော်ပသနေသည်မှာလည်း ထူးခြားမှုဖြစ်ပါသည်၊၊

စရီပါဒတောင်ထိပ်မှ ခြေတော်ရာကြီးတစ်ခုကို ခရစ်ယာန်ဘာသာဝင်တို့မှ အဦးဆုံးတွေ့ကြသောကြောင့် စရိပါဒတောင်ကို Adam’s Peak ဟု အမည်မှည့်ခေါ်ထားပါသေးသည်၊၊ စရိပါဒတောင်နှင့် ပတ်သက်ပြီး၊ လေ့စာစရာနှင့် သုံးသပ်ဆင်ခြင်စရာများ များစွာပင်ရှိသည်ဟု အရှင် ထင်မိပါသည်၊၊

စရီပါဒတောင်ပေါ်မှ ခြေရာသန္တာန်အရာကြီးကို သီရိလင်္ကာလူမျိုးဗုဒ္ဓဘာသာဝင်တို့သည် (BCE-1st) တွင်စတင်တွေ့ရှိသည်ဟုလည်း ဆိုပါသေးသည်၊

No comments:

Post a Comment