Saturday, November 12, 2016

Srilanka20

“BPS စာအုပ်တိုက်”
တိပိဋကတ်သုံးပုံဟုခေါ်သည့် ပါဠိစာပေတစ်ရပ်လုံးနီးပါးကို သီရိလင်္ကာနိုင်ငံ ပါဠိပညာရှင်ဆ- ရာတော် ကြီးများနှင့် လူပုဂ္ဂိုလ်များမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီးကမ္ဘာသို့ ဖြန့်ဝေလျက်ရှိပါသည်၊၊ 

BPS-စာအုပ်တိုက်ကြီးသည် ပညာရှင်များကိုငှားရမ်း၍ အင်္ဂလိပ်လိုဘာသာပြန်မရှိသေးသည့် ပါဠိ ကျမ်းများကို ဘာသာပြန်စေခြင်း၊ ပညာရှင်များမှ တသီးပုဂ္ဂလဘာသာပြန်၍ဖြစ်စေ၊ ဗုဒ္ဓဘာသာဆိုင် ရာအကြောင်းအရာများကိုဖြစ်စေ စာအုပ်ထုတ်လိုလျင်အကုန်အကျခံ၍ ထုတ်ဝေပေးသည့်စာအုပ် တိုက်ကြီး ဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာကိုယ်ကျင့်တရား၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တရားထိုင်နည်းဆိုင်ရာ စာအုပ်စာ တမ်းပေါင်းများစွာကို ပညာရှင်ပေါင်းများစွာမှ BPS စာအုပ်တိုက်ကြီးနှင့်ဆက်သွယ်၍ အင်္ဂလိပ်နှင့် အ- ခြားသောဘာသာစကားများဖြင့်စာအုပ်ရေးသားထုတ်ဝေနေသည်မှာ ဗုဒ္ဓဘာသာပါဠိစာပေနယ်ပယ်အ တွက်အကြောင်းအရာ စုံစုံလင်လင်ပင်ဖြစ်နေပြီဖြစ်ကြောင်း လေ့လာရပါသည်၊၊

ဘာသာအကြောင်းကို ဘာသာခြားစကားဖြင့် လေ့လာလိုသူများအတွက် BPS မှထုတ်ဝေသည့် စာအုပ်များသည် အကြောင်းအရာခိုင်မာသည့်အလျောက် စာပေအဆင့်အတန်းလည်း မြင့်မားကြောင်း ကို တွေ့ရပါသည်၊၊

စာအုပ်တိုက်ကြီးမှ ထုတ်ဝေပေးရန်လျောက်တင်လာသည့် စာမူများကိုပညာရှင်အများအား အယ်ဒီ တာအဖြစ်ခန့်အပ်၍ သုံးသပ်စစ်ဆေးစေပြီးမှ စာအုပ်ထုတ်ဝေပေးသည့် စာအုပ် တိုက်ကြီးလည်းဖြစ် ပါသည်၊၊

ဗုဒ္ဓဘာသာ ပိဋကသုံးပုံနှင့်၊ ဘာသာရေးအကြောင်းအရာများကို ဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေပေးနေပြီး၊ အလွန်သက်သာသည့်ဈေးနှုံးဖြင့် ဖြန့်ဖြူးရောင်းချပေးနေသည့် စာအုပ်တိုက်ကြီးဖြစ်သော ကြောင့် စာအုပ်တိုက်ကြီးတွင် နိုင်ငံတကာမှ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားသူများဖြင့်ပြည့်နေသည်ကို အ မြဲတန်းတွေ့ရပါသည်၊

No comments:

Post a Comment