အာကာသ တွင်းမှ သက်ရှိလူသားများ
ဂြိုလ်သား၊ ပုဂံပြားပျံ လို့ ဆိုလိုက်ရင် ...ဗမာလူမျိုးမျိုးတွေအဖို့  အတွေးနယ်လွန်ဖြစ်ရပ်ဆန်း-စိတ်ကူးယဉ်ထဲ က ထူးဆန်းတဲ့လူသားတွေ လို့ ဘဲ သိကြမှာ။ ယုံတဲ့သူထက် လက်မခံဘဲ ပုံပြင်ဆန်တဲ့  -လက်တွေ့ မကြတဲ့ -ဇတ်လမ်းဆင် ဖေါ်ပြရေးသားနေကြတယ်လို့ သာ ထင်ကြလိမ့်မယ်။ နိုင်ငံတကာမှာတော့ ဒီ ..Alien ခေါ်တဲ့ ဂြိုလ်သားတွေ့ ရှိတဲ့..ရောဂါဟာ အလွန်ပြန့်နေပြီးတော့ ..ကမ္ဘာမှာ စိတ်ဝင်စားဆုံး အကြောင်းအရာတွေမှာထိတ်ဆုံးနေရာမှာယူထားဆဲပါ။ .. အင်း..လူ့ လောကကြီးမှာ မမြင်နိုင်တဲ့ အလွန်ဆန်းကျယ်တဲ့ အရာတွေရှိနေတယ်ဆိုတာ ယခုရေးတဲ့အကြောင်းအရာတွေကို ဖတ်မိရင်းနဲ့  မိမိရဲ့  ဆင်ခြင်တရားနဲ့ သာ ဟုတ်သည်-မဟုတ်သည်ကို အသိအမှတ်ပြုကြပါ။
အရင်ဆုံး NASA နာဆာအဖွဲ့ ကြီးရဲ့  ပေါက်ထွက်လာတဲ့  Top secret မှတ်တမ်းဖိုင်တွေအရ အာကာသထဲမှာ လူသားတွေအခြေချ နေထိုင်လို့ ရတဲ့  ဂြိုလ်တွေရှိနေပြီး သက်ရှိသတ္တ၀ါတွေ နေထိုင်နေတယ်ဆိုတာပါ။
အဆိုပါ အာကာသ အတွင်းမှာ နေထိုင်နေတဲ့  ဂြိုလ်သား တွေဟာ ကမ္ဘာဂြိုလ်ထက် သိပ္ပံနည်းပညာပိုင်ဆိုင်ရာမှာအဆင့်မြင့်ကာ ကမ္ဘာမြေပေါ်ကို မကြာခဏဆိုသလို ပုဂံပြားပျံယာဉ်တွေစီးပြီး ဆင်းလာနေကြတယ်။ ထိုအာကာသ လူသား(ဂြိုလ်သား)တွေ ရှိနေကြောင်းကို သမိုင်းမှတ်တမ်းအရ စရမယ်ဆိုရင်..အီဂျစ်နိုင်ငံ ရှေးဟောင်းကျောက်စာတွေမှာ ရေးထိုးထားတဲ့  ကျောက်ထွင်းသင်္ကေတတွေကိုလေ့လာရင်သိနိုင်သလို..
အိန္ဒိယ-တရုပ်၊မက်စီကိုစတဲ့နိုင်ငံတွေရဲ့ သမိုင်းသက်သေအထောက်အထားတွေမှာလည်း တွေ့ နိုင်ပါတယ်။
သမိုင်းသုတေသီတွေအနေနဲ့  အဆိုပါ အထောက်အထားတွေကို လေ့လာမယ်ဆိုရင် ရှေ့ ခေတ်က လူသားတွေဟာ စိတ်ကူးနဲ့ ဖန်တီးပြီး ရေးထိုးထားတယ်လို့  ပြောလိုမရဘဲ ..ဂြိုလ်သားတွေနဲ့  အတူ အဆက်အသွယ် ဒါမှမဟုတ် အတူတကွ နေထိုင်တာတွေရှိနေခဲ့တယ်ဆိုတာ ထင်ရှားလာနေပြီလို့ ဆိုတယ်
No comments:
Post a Comment