စွယ်တော်ထားသည့် စွယ်တော်တိုက်ကြီး၏အထူးလျို့ဝှက်ခန်းထဲအထိဝင်ခွင့်ရရန် ကြိုတင်စီစဉ်ထား သည့်အတွက် စွယ်တော်တိုက်ပေါက်ဝတွင် (1)နာရီခန့်စောင်းဆိုင်းပြီးသည်နှင့် စွယ်တော်အတွင်းခန်း တွင်းသို့ဝင်ရောက်ပြီး၊ စွယ်တော်ကြုပ်စေတီတော်ကြီးကို အနီးကပ်ဖူးခွင့်ရခဲ့ကြပါသည်၊၊
စွယ်တော်မြတ်ကို မတွေ့ရသည့်တိုင် စွယ်တော်မြတ်အားပူဇော်ထားရှိသည့် စွယ်တော်ကြုပ်တော်ကြီး ကိုဖူးတွေ့ခွင့်ရလျင်ပင် ကုသိုလ်ကံအလွန့်အလွန်ထူးကဲသူများ ဖြစ်ကြပါသည်၊၊ အကြောင်းမှာ စွယ် တော်တိုက်ကြီး၏ အထူးလျို့ဝှက်အတွင်းခန်းနှင့် စွယ်တော်ကြုပ်အစစ်ကြီးကို သီရိလင်္ကာလူမျိုးများ ကိုယ်တိုင်ပင်အဝေးမှသာ ဖူးခွင့်ရကြသောကြောင့် ဖြစ်ပါသည်၊၊
စွယ်တော်မြတ်ကိုဖူးမြှော်ပြီး စွယ်တော်တိုက်ပြခန်းနှင့်၊ စွယ်တော်မြတ် သီရိလင်္ကာနိုင်ငံသို့ စတင် ရောက်ရှိလာချိန်မှစ၍ နှစ်ပေါင်း (20)ခန့် စွယ်တော်မြတ်အားပခုံးထက်တွင်တင်ပြီး စွယ်တော်လှည့်ပွဲ ဆင်နွှဲရာတွင် အသုံးပြုခဲ့သည့်ရတနာ“ဆင်တော်”မြတ်ကို ကြည့်ရှု့လေ့လာခဲ့ကြပါသည်၊၊
ရတနာစွယ်စုံဆင်တော်ကြီးသည် ယ္ခုအခါ အသက်ရှိဆင်မဟုတ်တော့ဘဲ၊ အဆာသွတ်ထားသည့် ဆင်ရုပ်ကြီးမျှသာဖြစ်ပါသည်၊၊ ဆင်တော်ကြီး သေဆုံးပြီးသောအခါ ဆင်မင်းမြတ်၏အရေကို စနစ်တ ကျရယူပြီး၊ ကျန်သည့် အသားအရိုးများကိုမင်္ဂလာအခန်းအနားဖြင့် မီးသဂြိုဟ်ပြီး၊ ရတနာဆင်တော်ကြီးနှင့် အလုံးအရပ်တူညီသည့် ဆင်ရုပ်ကိုသံမဏိများဖြင့်ပြုလုပ်ပြီး၊ ဆင်ကြီး၏အရေကို အပေါ်မှပတ် ပေးထားသည်မှာ ဓာတ်ပုံရိုက်လျင် ဆင်အစစ်နှင့်ခွဲမရအောင်တူလှပါသည်၊
No comments:
Post a Comment