“ကန္ဒီ View Point”
ကန္ဒီမြို့တော်သည် မြန်မာနိုင်ငံမှ ပြည်ဦးလွင်မြို့နှင့်တူပါသည်၊၊ တောင်ပေါ်တွင်တည်ဆောက် ထားသည့်မြို့ဖြစ်ပြီး၊ ကိုလံဘိုမြို့တော်ထက် ရာသီဥတုတ၀က်ခန့် အေးရုံမျှမက၊ မိုးမကြာခဏရွာသ ဖြင့် အေးစိမ့်နေသည့်မြို့ဖြစ်ပါသည်၊၊
သစ်ပင်ပန်းပင်များအမြဲတန်းဖူးပွင့် စိမ်းလန်းနေပြီး၊ သာယာလှပလွန်းသည့် မြို့ဖြစ်ပါသည်၊၊ “ဗိုလ်ချုပ် အောင်ဆန်း”လက်ထက်က ကန္ဒီစာအုပ်ချုပ်ကို ယ္ခုတင်ပြနေသည့် သီရိလင်္ကာနိုင်ငံ၏ ဒုတိယမြို့တော် “ကန္ဒီမြို့”တွင် ချုပ်ဆိုခဲ့ကြပါသည်၊၊
ကန္ဒီ View Point-သည် ကန္ဒီတောင်တန်းကြီး၏ အမြင့်မတ်ဆုံးနေရာတောင်ပေါ်တွင်တည်ရှိပြီး၊ တင် ပလ္လင်ခွေ ရုပ်ပွားတော်ကြီးတစ်ဆူကို တည်ထားကြပါသည်၊၊ ဆင်းတုတော်ကြီးရင်ပြင်မှကြည့်လျင် ကန္ဒီတစ်မြို့လုံးကို ပန်းချီကားချပ်ကိုရှေ့တည့်တည့်တွင်ချ၍ကြည့်သကဲ့သို့ မြင်ရပါသည်၊၊
“Botanical Garden Or National Park”
ကန္ဒီမြို့တော်၏ကျက်သရေဆောင်ဟုတင်စားနိုင်သည့် ဥယျာဉ်ကြီးတစ်ခု ကန္ဒီမြို့တွင်ရှိပါသည်၊၊ သီရိလင်္ကာနိုင်ငံကို အင်္ဂလိပ်ကိုလိုနီပြုစဉ်က အင်္ဂလိပ်စစ်ဗိုလ်ချုပ်များအတွက် ဥယျာဉ်ကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်၊၊
ကမ္ဘာ့ပန်းမျိုးစုံကိုစုစည်းပြီးစိုက်ပျိုးပြသထားသည့်အပြင် ကမ္ဘာ့သစ်ပင်မျိုးစိတ်မျိုးစုံကို အကန့်လိုက် စိုက်ပျိုးထားသောကြောင့် တစ်ကမ္ဘာလုံးမှသစ်ပင်နှင့် ပန်းပင်မျိုးစုံကိုတစ်နေရာတည်းတွင် လေ့လာနိုင် သည့် ပန်းဥယျာဉ်ကြီးဖြစ်ပါသည်၊၊
မြန်မာနိုင်ငံမှ ပြည်သူချစ်သမ္မတကြီး“ဦးနေ၀င်း”သီရိလင်္ကာကိုလာစဉ်က စိုက်ပျိုးခဲ့သည့်ပန်းပင်၊ “ဦးနု” စိုက်ပျိုးခဲ့သည့်ပန်းပင်နှင့်၊ ကမ္ဘာ့လုလသမဂ္ဂအတွင်းရေးမှူးချုပ် “ဦးသန့်”စိုက်ပျိုးခဲ့သည့်ပန်းပင်တို့ လည်းရှိကြပါသည်၊၊
ပန်းဥယျာဉ်ကြီးထဲတွင် မြန်မာနိုင်ငံ၊ ရန်ကုန်တက္ကသိုလ်ကြီးထဲမှ သစ်ပုပ်ပင်ကြီးထက်အဆများစွာကြီးသော သစ်ပုပ်ပင်ပေါင်းများစွာကိုလည်း တန်းစီလျက်တွေ့ရပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် သစ်- ပင်ခုပ်ရမည်ကို အတော်ကိုဝန်လေးသူများဖြစ်ကြသည့်အလျောက် သာမန်သစ်ပင်မျိုးဖြစ်စေကာမူ နှစ် ပေါင်းများစွာကြာလာသောအခါ အခက်အလက်တို့ကြီးမားပြီး ကျက်သရေတစ်ခု ဖြစ်လာရပါသည်၊၊
ကန္ဒီမြို့တွင် သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံးတက္ကသိုလ်ကြီးတစ်ခုလည်း ရှိပါသည်၊၊ “ပေရာဒေနိယ တက္ကသိုလ်”ဟု ခေါ်ပါသည်၊၊ အလွန်ကျယ်ဝန်းပြီး သစ်ကြီးပင်မျိုးစုံတို့ဖြင့်ဝန်းရံထားသဖြင့် လှပသည့် “တက္ကသိုလ်”ကြီး ဖြစ်ပါသည်၊၊ ကန္ဒီမြို့သည် သီရိလင်္ကာနိုင်ငံ၏ လက်ရှိဒုတိယမြို့တော်ဖြစ်သည့်အ တွက် စနစ်တကျပြည့်ပြည့်စုံ လေ့လာသင့်သည့်မြို့ဖြစ်ပါသည်၊
No comments:
Post a Comment