အနော်ရထာမင်းစောသုဝဏ္ဏဘူမိ(သထုံပြည်) ကိုတိုက်ခဲ့ရခြင်း အကြောင်းတစ်ခု
အနော်ရထာမင်းစောအောက်ပြည်စုန်၍ မွန်တို့ဌာနီ သုဝဏ္ဏဘူမိ-သထုံပြည်ကို တိုက်ခြင်းမှာ ပိဋကတ်တော်ရယူလိုခြင်း အကြောင်းထက်အင်အားတိုးတက်ကြီးမားလာသော အိန္ဒိယတိုင်းသား မိစ္ဆာအခြေစိုက်သမားများကိုချေမှုန်းဖျက်ဆီးလိုခြင်း အကြောင်းကသာလွန်၍ဖြစ်နိုင်ခွင့် ရှိကြောင်းဖြင့် ပါမောက္ခဒူရွိုက်ဆဲက အဆိုပြုချက်ကိုလက်ခံနိုင်လောက်သည်။
မွန်တို့သည် အံ့သြဖွယ်ကောင်းလောက်အောင်အေးချမ်းငြိမ်သက်စွာ နေတတ်၍ ရောင့်ရဲလွယ်လွန်းလှသည်။အဆိုပါ အိန္ဒိယ ကိုလိုနီဆရာတို့ကို အနော်ရထာမင်းစောဆင်း၍ မဖြိုခဲ့လျှင် မွန်တို့ အဝါးမျိုးခံရမှာ ကျိန်းသေသလောက်ဖြစ်သည်။
တစ်ကြိမ်လည်း ပုတတေ ငဇင်ကာခေါ်ဒီဘရစ်တိုးသည်မိမိတို့ မွန်နယ်အတွင်း၌တစ်ဗိုလ်တစ်မင်း မင်းမူလာသည်ကိုအသာပင် လက်ပိုက်၍ကြည့်နေနိုင်ခဲ့သည်။
အနောက်ဘက်လွန် မင်းတရားကြီး၏ ကြိုးပမ်းမှုကြောင့် သန်လျင်မှာ မြန်မာပြည်၏ ဂိုဝါဖြစ်မည့်ဘေးမှကင်းဝေးခဲ့ရသည်။ ဂိုဝါ လောက်သာဖြစ်လျှင် ကိစ္စမရှိ၊ အစိတ်စိတ် အမွှာမွှာဖြစ်နေသော မြန်မာပြည်ထောင်ငယ်တို့ကိုတစ်ခုပြီး တစ်ခု ဝါးမျိုခဲ့လျှင်မွန်မြန်မာတို့ အမျိုးဘာသာ သာသနာအားလုံး ပျောက်ဆုံးသွားနိုင်ကြောင်း တွေးကြည့်လျှင်ကြက်သီးထဖွယ် မြင်ရပေလိမ့်မည်။
Source : {ဗြဟ္မနိရုတ္တိနယသင်္ဂဟ ခေါ်မြန်မာစကားလုံး ပြောင်းထုံးကျမ်း၊ကျမ်းဦးမှတ်ဖွယ်(ကူ)မှ၊ မဟာနယကဆရာတော် ဦးကောသလ္လ၊ ဓမ္မာစရိယ(B.A. Hons.
No comments:
Post a Comment