“အာလောကလှိုဏ်ဂူ”
မနက်ပိုင်း(8)နာရီခန့်တွင် ကန္ဒီမြို့မှ “စတုတ္တသင်္ဂါယနာ”တင်ခဲ့သည့် ‘မာတလေမြို့’၊ အာလုဝိ- ဟာရသို့ မောင်းနှင်ခဲ့ကြပါသည်၊၊ အာလုဝိဟာရသို့ (9)ခန့်တွင်ရောက်ရှိပြီး၊ စတုတ္တသင်္ဂါယနာတင်ခဲ့သည့် အာလောကလှိုဏ်ဂူကြီးများကို လေ့လာခဲ့ကြပါသည်၊၊
သီရိလင်္ကာနိုင်ငံတွင် သာသနာတော်နှစ်(450)၀န်းကျင်က စတုတ္ထသင်္ဂါယနာသာ မတင်ခဲ့လျင် ယနေ့- အချိန်ထိ ဗုဒ္ဓသာသနာတော် ကမ္ဘာအတွင်းတည်ရှိရန်ခက်ခဲမည် ဖြစ်ပါသည်၊၊
ထို့ကြောင့် စတုတ္တသင်္ဂါယနာသည် ဗုဒ္ဓဘာသာအတွက်အထူးရေးပါသည့် တာဝန်ကြီးတစ်ခုဖြစ်ပါသည်၊၊
စတုတ္တသင်္ဂါယနာတင်တော်မူခဲ့ကြသည့် “အာလောကလှိုဏ်ဂူ”တောင်စဉ် တောင်တန်းများကိုလည်း ဗုဒ္ဓဘာသာဝင်တို့ အလေးထားလေ့လာသင့်သည့်နေရာတစ်ခုဖြစ်ပါသည်၊၊
No comments:
Post a Comment