Sunday, November 13, 2016

ပဋိသမ္ဘိဒါဥာဏ်

ပဋိသမ္ဘိဒါ ဥာဏ် ရ ကြောင်း အင်္ဂါ ၈-ပါး။ ။ ၎င်းင်း တရားတို့ကို ဆည်းပူး ပွားစီးရာ၏။
(၁) ပုဗ္ဗယောဂ- ရှေးဘ၀၌ ၎င်းင်းဥာဏ်မျိုးစေ့ထူထောင် ဆုတောင်း စိုက်ပျိုးခဲ့ခြင်း၊
(၂) ဗာဟုသစ္စ- အကြားအမြင်များခြင်း၊
(၃) ဒေသိယ ဘာသာ ဆေက- ဒေသအမျိုးမျိုးတို့၌ ပြောကြားသော ဘာသာစကားအမျိုးမျိုးတို့ကို တတ်သိလိမ်မာခြင်း၊
(၄) အာဂမ- မြတ်စွာဘုရား၏ ပါဠိတော်ကို အာဂုံဆောင်ခြင်း၊
(၅) ပရိပုစ္ဆာ- ပါဠိတော် အဋ္ဌကထာတို့၌ မေးမြန်းလေ့ရှိခြင်း၊
(၆) အဓိဂမ-ဈာန်, မဂ်,ဖိုလ်တရားကိုရခြင်း၊
(၇) ဂုရု သန္နိဿယ- ဗဟုသုတပြည့်စုံသော ဆရာ့ထံပါး၌ ဆည်းကပ်ခစားခြင်း၊
(၈) မိတ္တ သမ္ပတ္တိ- ပညာရှိမိတ်ဆွေကောင်းတို့နှင့် ပြည့်စုံခြင်း။

ပဋိသမ္ဘိဒါမျိုး ၄-ပါး။ ။ စတုကဂုၤတၱရ။ပါ။ ၄၇၉ ။ ႒။ ၃၅၀-၌ အကျယ်ရှုပါ။ ဗုဒ္ဓဘုရားနှင့် ဆုပါရမီဖြည့်ပြီးသော သာဝကကြီးတို့၏ ခွဲခြားစိတ်ဖြာ ဥာဏ်လေးပါး။
(၁) အတ္ထ ပဋိသမ္ဘိဒါ-အကြောင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးတရားစု, နိဗ္ဗာန်, ပါဠိတော်၏အနက်သဘော, ၀ိပါက်စိတ်, ကြိယာစိတ်, ၎င်းင်း ငါးပါးတရားစု။
(၂) ဓမ္မ ပဋိသမ္ဘိဒါ-အကျိုးကိုဖြစ်စေတတ်သော အကြောင်းဟူသမျှ, အရိယာမဂ်လေးပါး, ပါဠိတော်အစဉ်, ကုသိုလ်, အကုသိုလ်, ၎င်းင်း ငါးပါးတရားစု။
(၃) နိရုတ္တိ ပဋိသမ္ဘိဒါ- ဆိုခဲ့ပြီးသော အတ္ထငါးမျိုးç ဓမ္မငါးမျိုးတို့နှင့် ဆိုင်ရာ သဒ္ဒါ, ပုဒ်, ပါဌ်ဆယ်ပါးတို့ကို ကျွမ်းကျင်နားလည်မှု။
(၄) ပဋိဘာန ပဋိသမ္ဘိဒါ- ဆိုခဲ့ပြီး ပဋိသမ္ဘိဒါ ၃-ပါးလုံးကို ထူးထွေကွဲပြား ပိုင်းခြားဝေဘန်၍ သိသောဥာဏ်၊ ၎င်းင်းကို "သဗ္ဗတ္ထက ပဋိသမ္ဘိဒါဥာဏ်" ဟုလည်းခေါ်သည်

No comments:

Post a Comment