ဆန္ဒပြတာ အာပတ်သင့်ပါသလား
ပါချုပ်ဆရာတော်ကြီးအဖြေ
==============
ခု လူတွေက ဘုရားထက် ပိုတတ်ပြနေတာ
ခက်တယ်
ဆန္ဒပြတာ အာပတ်သင့်ပါသလား
အမေး ။.။ တပည့်တော် ရိုသေစွာ မေးလျှောက်အပ်ပါသည်
ဘုရား၊ရဟန်းတော်များ လမ်းပေါ်ထွက်၍ ဆန္ဒပြခြင်းသည်
မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။
( ကိုမြင့်သိန်း -စင်္ကာပူ)
အဖြေ။…။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။(ရယ်သံများ)။
ပကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြ
တယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်းသိက္ခာပုဒ် မဖောက်
ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိက္ခာပုဒ် ငြိစွန်း စရာ
အကြောင်းမရှိဘူး
ဆန္ဒကို ထုတ်ဖော်တာ၊ အများကို သိအောင် လုပ်တယ်ဆိုတဲ့
နေရာမှာ တစ်ခုတော့ မှတ်ရမယ်
Strike နဲ့ Riot ကို ကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာ
လား Riot လား
Riot ဆိုတာ အကြမ်းဖက်တဲ့ အဓိကရုဏ်းလုပ်တာ၊ ဖျက်ဆီး
တာ၊ ဟိုဟာ ဒီဟာတွေ ဖျက်ဆီးတယ်။ အဲဒါဆိုရင်Riot လို့
ခေါ်တယ်
Riot မဟုတ်ဘဲ Strike ဆိုတာကိုယ့်ဆန္ဒကိုထုတ်ဖော်ပြတာ
ပဲ၊ဥပမာ Hungier Strike ဆိုရင်သူ့ဟာသူအိပ်နေတာပဲလေ
အဲဒီတော့ Strikeဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး
ဥပမာတစ်ခု ပြောပြရမယ်ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို
ခေါ်ရင် ခေါ်ရမှာပေါ့။ဆန္ဒထုတ်ဖော်တယ်လို့ထုတ်ဖော်တာ
နဲ့ ပြတာဘယ်လိုကွဲတယ် ထင်သလဲ။ (ရယ်သံများ)
စကားကလည်း ယဉ်ယဉ်ကျေးကျေးလေးသုံးတဲ့ အခါမှာ
တစ်မျိုးပေါ့နော်။
အဲဒီတော့ ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ အရှင်သာရိ
ပုတ္တရာနဲ့ ရဟန်းတွေဟာ ရာဇဂြိုဟ်မြို့ထဲမှာ ဆန္ဒပြတယ်
ကြားဖူးကြလား?
မကြားဖူးပါဘုရား
မကြားဖူးဆိုရင် ပြောပြမယ်
ဒေဝဒတ် က မြတ်စွာဘုရား ကို ဆန့်ကျင်ပြီးတော့ သူ
ရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်
ဆိုတာ ဘုရားက သိတယ်
သိတဲ့အခါကျတော့ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာ
ကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိယကံဆိုတာကိုအပြု
ခိုင်းတယ်
ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ ဒေဝဒတ်ရဲ့
သဘောထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့
သဘောထား မတူတာကို ထုတ်ဖော်ပြတာ၊ဒါလည်းဆန္ဒ
ပြတာပါပဲ
ဒီလိုထုတ်ဖော်တာကိုရာဇဂြိုဟ်မြို့ထဲမှာအရှင်သာရိပုတ္တရာ
ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်
ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခု
တစ်မျိုး ဖြစ်နေပြီ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာသာသနာ
နဲ့ မဆိုင်ဘူး၊ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး၊ ဒေဝဒတ် နဲ့
သာ ဆိုင်တယ် ဆိုတာ ကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ
လှည့်လည် ပြောတာရှိတယ်
အဲဒါကို တစ်နည်းအားဖြင့် ပြောရရင် ဒါဆန္ဒပြတာပါပဲ
အဲဒီလို ပြသင့်တဲ့ အချိန်မှာ ပြတာ အကောင်း ဘက်ကို
ဦးတည်ပြီးတော့ပြတာ၊အပြစ်ရယ်လို့ပြောစရာအကြောင်း
မရှိဘူးပေါ့
ခုနလို Riot လိုမျိုး ဆိုရင်တော့ မီးရှို့မယ်၊ ဖျက်ဆီးမယ်
ဆိုရင် မီးရှို့တယ် ဖျက်ဆီးတယ် ဆိုတဲ့ အပြစ်တော့ရှိ
တယ်ပေါ့၊ဒါကို Riot လို့ ခေါ်တယ်
Strike ဆိုတာကျတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ ၊
အများသိအောင် ကြေငြာတာတွေလုပ်ရတာ၊အဲလိုလုပ်
ခြင်းကြောင့်မည်သည့်သိက္ခာပုဒ်နဲ့ ငြိစွန်းပါသနည်းလို့
ဆိုရင် .......
မြတ်စွာဘုရားက“ ချစ်သားရဟန်းတို့ ဆန္ဒမပြရဘူးဆန္ဒ
ပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး။
အဲဒီတော့ ဥပဒေမရှိသည့် အတွက်ကြောင့် ဘယ်သိက္ခာပုဒ်
နဲ့မှ ငြိစွန်းစရာ မရှိဘူး
သို့သော် ငြိစွန်းနိုင်စရာဆိုလို့ မြို့ထဲရွာထဲသွားရင် သင်္ကန်းရုံ
သွားရမယ်၊မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေခိယသိက္ခာ
ပုဒ်မှာ လိုက်နာရမယ့်ဟာလေးတွေ ရှိတယ်
အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင်ဘူး
သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။
အဲဒီလိုသာ ရှိတယ်။ ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်
ရမယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ...
အရှင်ဇန
No comments:
Post a Comment