Monday, January 23, 2017

ကျွန်ုပ်၏တပိုင်းတစ ဒဿနများ ( 1 )

ကျွန်ုပ်၏တပိုင်းတစ ဒဿနများ ( 1 )

အချို့ လူတွေက
မကောင်းမူ့ ကိုလုပ်တယ်...

မကောင်းမူ့ ကိုလုပ်တယ်ဆိုတဲ့နေရာမှာ အဲဒီမကောင်းမူ့ ကို

လုပ်ချင်လို့ လုပ်တာရယ် လုပ်သင့်လို့ လုပ်တာရယ် လုပ်ဖို့ ဖိအားတခု သို့ မဟုတ်

တွန်းအားတခုတခုကြောင့်လုပ်ရတယ် ဆိုတာရှိတယ်။


မကောင်းမူ့ တွေလုပ်တာနဲ့ ပတ်သက်ပြီးတော့ခွဲခြားကြည့်မိတာက

အချို့ လူတွေက

မကောင်းမူ့ ကိုလုပ်တယ်...

လုပ်ပြီးရင် အဲဒီအတွက် ၀န်ခံတယ် တာဝန်ယူတယ်

ဒီမကောင်းမူ့ ကိုဆေးကြောသန့် စင်တယ် ပြုပြင်ပြောင်းလဲတယ်

ဒါ့ထက်မက လုပ်ရဲရင်ခံရဲတယ်ဆိုတဲ့ သတ္တိလည်းရှိတယ်။


အချို့ လူတွေကျတော့

မကောင်းမူ့ ကိုလုပ်တယ်...

လုပ်ပြီးရင်လည်းအဲဒီမကောင်းမူ့ အတွက် ၀န်မခံဘူး တာဝန်မယူဘူး

ဒီမကောင်းမူ့ ကို မဆေးကြောဘူး မသန့် စင် ဘူး မပြုပြင်ဘူး မပြောင်းလဲဘူး

ကိုယ်လုပ်လိုက်တဲ့မကောင်းမူ့ အတွက် လုပ်ရဲရင်ခံရဲတယ်ဆိုတဲ့သတ္တိလည်းမရှိဘူး…။


အချို့ လူတွေကျတော့

မကောင်းမူ့ ကိုလုပ်တယ်...

မကောင်းမူ့ လုပ်တုန်းကတော့ပျော်ပျော်ကြီးလုပ်တယ်...

လုပ်ပြီးရင် အဲဒီမကောင်းမူ့ အတွက် ၀န်မခံဘူး တာဝန်မယူဘူး

ဒီမကောင်းမူ့ ကို မဆေးကြောဘူး မသန့် စင်ဘူး မပြုပြင်ဘူး မပြောင်းလဲဘူး

လုပ်ရဲရင် ခံရဲတယ်ဆိုတဲ့ သတ္တိမရှိတဲ့အပြင်

အဲဒီမကောင်းမူ့ ကိုသူ မလုပ်သလိုပုံစံမျိုးနဲ့ 

အများသူငှါအမြင်မှာ ထင်ယောင်ထင်မှားဖြစ်အောင်

သူတပါးအပေါ်ပုံချတယ် အပြစ်မရှိသူကို ချောက်ချတယ် စွပ်စွဲတယ်…

သူ့ ကိုယ်သူကိုယ်လွတ်ရုန်းတယ် သူတပါးကိုသူ့ နေရာမှာဆွဲထည့်တယ်

သူကျတော့ဘာအပြစ်မှမရှိသလိုလို ဘာမှမသိသလိုလိုနဲ့  သူတော်ကောင်းအယောင်ဆောင်တယ် ။

ဒီလိုလူမျိုးက လောကမှာ အဆင့်အတန်းအနိမ့်ဆုံး အယုတ်ညံ့ဆုံးနဲ့  ကြောက်စရာအကောင်းဆုံးပါပဲ။



Dhamma Latsaung at Saturday, July 02, 2011

No comments:

Post a Comment