အမှောင်နဲ့ အလင်း
လူပေါင်းမှားတာပါ လို့ မပြောနဲ့ဦး။
ကိုယ့်ရဲ့ စိတ်မှာ ရှိနေတဲ့ မကောင်းတဲ့ စိတ်ကို
ကိုယ်က အရင်ပေါင်းမိသွားတာကို သတိပြုမိရမယ်။
...................................................
ကမ္ဘာမှာ အမှောင်နဲ့ အလင်း ဆိုတာ ရှိတယ်။
အမှောင်ထဲက လူက အလင်းက လူကို မြင်နေရတယ်။
ဒါပေမဲ့ လောကုတ္တရာ နယ်ပယ်မှာတော့
ဓမ္မအလင်းထဲက လူက အ၀ိဇ္ဇာ အမှောင်ထဲကလူကို မြင်နေရတယ်။
အ၀ိဇ္ဇာ အမှောင်ထဲက လူက သူ့ကိုယ်သူလည်း မမြင်ရဘူး။
...................................................
သံသရာခရီးသည်တွေ...
မသေသေးခင် ကုသိုလ်အလုပ်တွေကို လုပ်ပြီး မေတ္တာစိတ်နဲ့
သတ္တ၀ါ အချင်းချင်း တည့်အောင်သာနေကြ။
ရုပ်နာမ်ဓမ္မ သင်္ခါရတို့၊ ကိုယ်ကဤပုံ
ဖြစ်လိုတုံလည်း၊ တဖုံဆင်ကွဲ သူတနဲဖြင့်
ဖေါက်လွဲတက်စွာ ဓမ္မတာကို၊
ပညာစက္ခု၊ မြှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှာ၊ ချုပ်ပျောက်ခန္ဓာ
သေပိမ့်ငါ-ဟု၊ သတ္တ၀ါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက်၊ ချိန်းအချက်လျှင်
တစ်စက်ကမှ မရှိကြဘူး။
“အပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”
ဘုရားစကား လိုက်နာပွားသည်
တရား လက်မလွတ်စေနှင့်။
(မင်းကွန်းဆရာတော်)
The author---> Ashinnyanadipa
Dhamma Latsaung at Thursday, June 30, 2011
No comments:
Post a Comment