*** အိပ်မပျော်သောသူ၏ ညသည်ရှည်၏။ ခရီးပမ်းသောသူ၏တယူဇနာခရီးသည်ရှည်၏။
သူတော်ကောင်းတရားကို မသိကုန်သော လူမိုက်အတွက် သံသရာသည်ရှည်၏။
*** ယခုဘ၀၊ နောင်ဘ၀များ၏ ကျိုးကြောင်းမမြင် အဆင်အခြင် ဥာဏ်ပညာမရှိကြကုန်သော လူမိုက်တို့ သည် မိမိကိုယ်ကိုမိမိ ရန်သူကဲ့သို့ပြုလုပ်၏ ။ ဆိုးရွားသောအကျိုးကိုပေးတတ်သည့် မကောင်းမူ့ ကိုပြုလျှက် လှည့်စားနေထိုင်ကြ၏ ။
*** လူမိုက်သည် မိမိပြုသော မကောင်းမူ့ အကျိုးမပေးသေးသမျှ ကာလပတ်လုံး မကောင်းမူ့ ကို နှစ်သက် ၀မ်းမြောက်စွာ ပျားသကာကဲ့သို့ ထင်မှတ်၏ ။ သူ၏မကောင်းမူ့ အကျိုးပေးသောအခါ ထိုလူမိုက်သည်
ဆင်းရဲဒုက္ခသို့ ရောက်ရလေ၏ ။
*** လူမိုက်မှာရှိသော အတတ်ပညာသည် ထိုလူမိုက်၏ အကျိုးမဲ့ပျက်စီးရန်အတွက်သာဖြစ်၏ ။ ဖြူစင်သောကောင်းမူ့ နှင့် ပညာတည်းဟူသော ဦးထိပ်ကိုပြတ်၍ကျစေတတ်၏ ။
*** လူမိုက်ပင်ဖြစ်သော်လည်း မိမိမိုက်ကြောင်း သိသောသူ သည် ဤကဲ့သို့  အမှန်သိတတ်သဖြင့် ပညာရှိ မည်၏ ။ လူမိုက်ဖြစ်၍ မိမိကိုယ်ကို ပညာရှိဟု မှတ်ထင်သောသူကို မိမိမိုက်ကြောင်းကိုမျှ မသိတတ်သဖြင့် တကယ့်ပညာမဲ့ လူမိုက်ဟုခေါ်၏ ။
သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment