Monday, January 23, 2017

လူလိမ္မာ၏ မနော ၂

လူလိမ္မာ၏မနော ( အထွေထွေမှတ်သားဖွယ်ရာ) ( ၂ )

သင်၏စိတ်ကို မြင့်မြတ်သောအတွေးခေါ်များဖြင့် ပြုစုပျိုးထောင်ပါ ။ ရဲစွမ်းသတ္တိကိုယုံကြည်သူသာလျှင် သူရဲကောင်းဖြစ်နိုင်ပေသည်။
( ကွန်ဖြူးရှပ် )

သင်သည် သူတစ်ဦးအား ခွှင်လွှတ်သည်းခံတိုင်း၊ သည်းခံတိုင်း ထိုသူအား ယုတ်နိမ့်စေ၍ သင့်ကိုယ်သင်သာလျှင် မြင့်မြတ်အောင် အားအင်ဖြည့်တင်းပေးခြင်းဖြစ်လေသည်။
( အမေရိကန်စကားပုံ )

သတိတရား လက်ကိုင်ထား၊ သတိလက်လွတ်ငှက်တောင်ကျွတ်၊ သတိမမူဂူမမြင်၊ သတိတလုံးအခက်ဆုံးဟုဆိုကြသည်။ "သတိ" ဆိုသည်မှာကိစ္စတိုင်း၏ အချက်အခြာဖြစ်သည်ကို ဘယ်သောအခါမှမမေ့နှင့်။
( သုတေသီသွေး )

လူတို့ သည် ပေးမှန်းသိလျှင်တောင်းတတ်၏။ လုပ်ပေးမှန်းသိလျှင်ခိုင်းတတ်၏။ ခံမှန်းသိလျှင်ကျူးကျော်၏။
( ငွေမျှား )

ပညာဥာဏ် ဗဟုသုတများတိုင်းလည်း တကယ်ပညာဥဏ်ကြီးသူဟု မဆိုနိုင်။ သင်ညာသာများနေသည်ဟုဆိုရ၏။ လှပသော အ၀တ်တန်ဆာ လွှမ်းခြုံထား၍ အတွင်းကိုယ် ညစ်နွမ်းညှီဟောက်နေသောသူနှင့်သာတူ၏။
( ငွေမျှား )

လူတို့ ၏တည်ကြည်ရိုးသားမူ့ ကိုအကျင့်စာရိတ္တနှင့်သာ တိုင်းတာရပေမည်။ သူတပါး၏ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင့်နှင့်မဟုတ်ပေ။
(ဂျူးနီးယပ်စ် )

ပူပန်ခြင်းသည် ဦးနှောက်ကိုရှုပ်ထွေးထိုင်းမိုင်းစေသည်။ ဆင်ခြင်ခြင်းသည် တိုးတက်မူ့ ကိုသာရှေးရှု့ သော ကြောင့်ဦးနှောက်အားအားတက်စေသည်။
( သုတေသီသွေး )

သင့်ကိုယ်သင် လမ်းမှန်ပေါ်တွင်ရှိသည်ကိုသေချာပါက ရဲဝံစွာရှေ့ သို့ ချီတက်ပါ။
( ဒေးဗစ်ကရော့ကက် )

ခိုင်မာသောစိတ်သည် လူ၏ကိုယ်တွင်ရှိသော ကျောရိုးကြီးနှင့်တူ၏။ လှေတွင်တက်မသည် အရေးအကြီးဆုံးဖြစ်သည်။ တက်မ ရှိမှသာလျှင်လိုရာခရီးကိုရောက်နိုင်သည်။ ခိုင်မာသောသံမဏိစိတ်ဓါတ်သည်လည်း လိုရာကိစ္စကိုပြီးစေနိုင်သည်။ လူငယ်တယောက်၏တက်လမ်းသည် ထိုခိုင်မာသောစိတ် အပေါ်တွင်တည်၍နေသည်။
( တက်တိုး )

ကိုယ့်ထူးကိုယ်ချွန်စိတ်မျိုးမရှိသူသည် ကံ၏ပြုပြင်ရာကိုသာခံရမည် အ၀န်းအရံကိုသာမှီ၍နေရမည်။ အကြောင်းအခွှင့်ကိုသာအားကိုး၍နေရချေမည် စိုင်ကော်မှချုံပေါ်ရောက်တော့မည်။
( တက်တိုး )

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် ။

No comments:

Post a Comment