Monday, January 23, 2017

ကွေ့ကွင်းနောက်ဆုံးရှိချေ၏

ကွေ့ကွင်းနောက်ဆုံးရှိချေ၏

လောကကြီးမှာ ချစ်သူနဲ့ ကွေကွင်းရခြင်းဒုက္ခ သည်အကြီးမားဆုံးဒုက္ခတခုဟုဆိုရလျှင်မှားမည်မထင်…။

ကိုယ်နေတဲ့အိမ်နဲ့ သိပ်မဝေးတဲ့အနားမှာရေကန်ကြီးတကန်ရှိတယ်။
အခုလိုရာသီဥတုနွေးနွေးထွေးထွေးရှိတဲ့အချိန်မှာ

ကိုယ်တယောက်ထဲမနက်တိုင်းအဲဒီရေကန်နံဘေးမှာလမ်းလျှောက်လေ့ရှိတယ်…။
တိတ်ဆိတ်ငြိမ်သက်အေးချမ်းနေတဲ့ပတ်ဝန်းကျင်မှာ ငှက်ကလေးတွေရဲ့အသံ သာယာလှပတဲ့ကန်ရေပြင်နဲ့ 
စိမ်းလန်းစိုပြေတဲ့ သစ်ပင်ပန်းပင် မြက်ခင်းပြင်တွေကို တွေ့ လိုက်တိုင်းကိုယ့်စိတ်ကိုကြည်လင်လန်းဆန်းစေတယ်။
သဘာဝတရားကိုသိပ်မြတ်နိုးတဲ့ကိုယ့်အတွက်တော့ ဒီနေရာလေးဟာ
ဘယ်တော့မှမရိုးနိုင်တဲ့နေရာတခုဆိုရင်လည်း
မမှားပါဘူး…။ သို့ သော် ဒီနေရာရောက်တိုင်း ကိုယ့်ရင်ကိုတစုံတခုသောစိတ်ခံစားမူ့ တွေနဲ့ အတူ လောကကြီးနဲ့ 
ဒွန်တွဲနေတဲ့ သင်္ခါရတရားတွေက ကိုယ့်ကိုစိတ်ထိခိုက်ခြင်းနဲ့ အတူသတိတရားရစေပြန်တယ်။

ကိုယ်လျှောက်နေကျလမ်းကလေးကိုရောက်တိုင်း လမ်းရဲ့ဘယ်ဖက်မှာလမ်းသွယ်လေးတခုရှိတယ်။
အဲဒီလမ်းသွယ်လေးကိုလှမ်းကြည့်လိုက်ရင် သစ်ပင်လေးတပင်အောက်မှာ ခုံတန်းလေးတခုက အထီးကျန်
စွာနဲ့ ရှိနေတတ်တယ်…။ ဒီနေရာလေးကိုရောက်တိုင်းအဲဒီခုံတန်းလေးရဲ့အောက်မှာရေးထားတဲ့စာကြောင်းလေးကို
ကိုယ်ဖတ်မိတယ်……
“If tears could build a stairway, and memories a lane, I’d walk right up to the heaven and
bring you home again.”
စာကြောင်းလေးကို ကိုယ့်စိတ်ထဲကနေ တိုးတိုးလေးဘာသာပြန်ကြည့်မိတယ်…
“ချစ်သူရေ…မင်းကိုလွမ်းရလွန်းလို့ ငိုရတဲ့ကိုယ့်မျက်ရည်တွေသာ လှေကားလေးတွေအဖြစ်တည်ဆောက်
လို့ ရမယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ရင်ထဲက မင်းနဲ့ ပတ်သက်တဲ့အမှတ်တရတွေ အားလုံးကို
လမ်းကလေးတခုအဖြစ် ဖန်တီးခွှင့်ရမယ်ဆိုရင်

မင်းရှိနေတဲ့ အဲဒီကောင်းကင်ဗိမာန်ကိုအရောက်သွားပြီး
ကိုယ်နဲ့ မင်း နှစ်ယောက်အတူနေခဲ့တဲ့ဟောဒီအိမ်ကလေးဆီကိုပြန်ခေါ်ခဲ့ချင်ပါတယ်ကွယ်…။

ဘယ်တော့မှပြန်မဆုံနိုင်တဲ့ သံသရာခရီးလမ်းကို တယောက်ထဲထွက်သွားသူအတွက်

ကြေကွဲလွမ်းဆွတ်တမ်းတစွာနဲ့ တယောက်က ကျန်ခဲ့ရဦးမှာပါလား….။
ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းသည် ကွေကွင်းနောက်ဆုံးရှိချေ၏။ တဲ့
တနေ့ တော့အားလုံးပဲ သေခြင်းတရားနဲ့ နှုတ်ဆက်ခွဲခွါကြရဦးမှာပဲလေ…။

မေ၊ ငါ့အား သဗေဟိ၊ ခပ်သိမ်းကုန်သော။
ပိယေဟိ၊ ချစ်နှစ်လိုအပ်ကုန်သော။
မနာပေဟိ၊ နှလုံးကိုပွားစေတတ်သော အဆွေအမျိုး, အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်သူတို့ နှင့်။
နာနာဘာဝေါ၊ အရပ်တပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည်၎င်း။
ဝိနာဘာဝေါ၊ ဘ၀တပါးသို့ ပြောင်းသွားခြင်းဖြင့် သေကွဲ ကွဲရခြင်းသည်၎င်း။
အမှိ၊ ဖြစ်တတ်ချေ၏။ က္ကတိ၊ဤသို့ ။ အဘိဏှံ၊နေ့ ညမပြတ်။ ပစ္စဝေက္ခိတဗ္ဗံ၊
ဆင်ခြင်အပ်၏။
အဘိဏှသုတ်တော် ( Buddha )

No comments:

Post a Comment