အမျက်ဒေါသ
အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ် အနှောင်အဖွဲ့ အားလုံးကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ငါ၏ စိတ် ငါ ၏ ကိုယ် ဟူ၍ မငြိတွယ် မကြောင့်ကြသော သူထံသို့ ဆင်းရဲဒုက္ခတို့သည် မလာကုန်။
One should give up anger, renounce pride, and overcome all fetters. Suffering never befalls him who clings not to mnd and body an dis detached.
လိမ္မာသော ရထားထိန်းသည် လျင်မြန်စွာသွားသော ရထားကို လမ်းမလွဲအောင် ကောင်းစွာ စောင့်ရှောက်သကဲ့သို့ မိမိ၌ ဖြစ်ပေါ်လာသော အမျက်ဒေါသကို တားဆီးနိုင်သောသူကို လိမ္မာသော ရထားထိန်းဟု ငါ ဘုရား ခေါ်တော်မူ၏၊ မတားဆီးနိုင်သော သူတို့သည် ကြိုးကိုင်သာ ဖြစ်ကုန်၏။
He who checks rising anger as a charioteer checks a rolling chariot, him I call a true charioteer. Others only hold the reins.
အမျက်ထွက်တတ်သော သူကို အမျက်မထွက်ခြင်းဖြင့် (မေတ္တာဖြင့်) အောင်ရာ၏၊ မကောင်းသောသူကို ကောင်းသော သဘောဖြင့် အောင်ရာ၏၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏၊ မဟုတ်မမှန် ပြောဆိုတတ်သောသူကို မှန်ကန်သော စကားပြောဆိုခြင်းဖြင့် အောင်ရာ၏။
Overcome the angry by non-anger; overcome the wicked by goodness; overcome the miser by generosity; overcome the liar by truth.
မှန်သော စကားကို ပြောဆိုရာ၏၊ အမျက်ဒေါသ မထွက်ရာ ၊ သူတပါးတို့ တောင်းသည်ရှိသော် ပစ္စည်းဝတ္ထု အနည်းငယ်မျှကိုသော်လည်း ပေးလှုရာ၏၊ ဤသုံးပါးသော အကြောင်းတို့ဖြင့် နတ်ပြည်ကို သွားရာ၏၊
Speak the truth; yield not to anger; when asked, give even if you only have a little. By these three means can one reach the presence of the gods.
သူတပါးတို့ကို ညှဉ်းဆဲခြင်းမရှိ ၊ ကိုယ့်ကို အမြဲ စောင့်ရှောက်ကုန်သော သူတော်ကောင်းတို့သည် စိုးရိမ်ခြင်း ကင်းရာ၊ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သို့ ရောက်၏။
Those sages who are inoffensive and ever restrained in body, go to the Deathless State, where, having one, they grieve no more.
အမြဲ နိုးကြားထကြွ ရှိကုန်လျက် ၊ နေ့ညမပြတ် သူတော်ကောင်း အကျင့်ကို ကျင့်ကုန်သော ၊ နိဗ္ဗာန်သို့ စိတ်ညွတ်ကုန်သော ပုဂ္ဂိုလ်တို့မှာ ကာမ စသော အာသဝေါတို့သည် ကုန်ခမ်းကုန်၏။
Those who ever vigilant, who discipline themselves day and night, and are ever intent upon Nibbana__ their defilements fade away.
အို အတုလ၊ ဤကဲ့ရဲ့ခြင်း သဘောသည် ရှေးအခါမှ စ၍ ဖြစ်လာသော အလေ့တည်း၊ ယခုမှ ဖြစ်သော အလေ့မဟုတ်၊ စကားမပြော ဆိတ်ဆိတ်နေသော သူကိုလည်း ကဲရဲ့ကုန်၏၊ စကားများများပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ စကားနည်းနည်းပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သောသူ မရှိ။
O Atula! Indeed, this is an ancient practice, not one only of today: they blame those who remain silent, they blame those who speak much, they blame those who speak in moderation. There is none in this world who is not blamed.
လုံးလုံး အကဲ့ရဲ့ခံရသောသူ ၊ လုံးလုံးအချီးမွမ်းခံရသောသူ ဟူ၍ ရှေးအခါ၌ မရှိခဲ့ဖူး၊ နောင်အခါ၌လည်း ရှိလိမ့်မည် မဟုတ်၊ ယခုအခါ၌လည်း မရှိ။
There never was, there never will be, nor is there now, a person who is wholly blamed or wholly praised.
ကောင်းသော အသက်မွေးခြင်းရှိ၍ ပညာနှင့်လည်း ပြည့်စုံ၊ သီလနှင့်လည်း ပြည့်စုံသော သူကို ပညာရှိတို့သည် ဟုတ်တိုင်းမှန်ရာသိ၍ နေ့တိုင်းနေ့တိုင်း (ထပ်ခါ ထပ်ခါ) ချီးမွမ်းကြလျှင်
But the man whom the wise praise, after observing him day after day, is one of flawless character, wise, and endowed with knowledge and virtue.
အကောင်းဆုံး ဗမ္ဗူရာဇ် ရွှေပြားနှင့်တူသော ထိုသူကို အဘယ်သူ ကဲ့ရဲ့နိုင်မည်နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာတို့သည်လည်း ချီးမွမ်းကုန်၏။
Who can blame such a one, as worthy as a coin of refined gold? Even the gods praise him; by Brahmas, too, is he praised.
ကိုယ်နှင့် ဆိုင်ရာ မကောင်းမှု (သုံးမျိုး) ကို စောင့်ရှောက်ရာ၏၊ ကိုယ်ဖြင့် မကောင်းမှုမှ စောင့်ရှောက်ရာ၏၊ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပယ်၍ ကိုယ်ဖြင့်ပင် ကောင်းသော အကျင့်ကို ကျင့်ရာ၏။
Let a man guard himself against irritability in bodily action; let him be controlled in deed. Abandoning bodily misconduct, let him practise good conduct in deed.
နှုတ်နှင့် ဆိုင်ရာ မကောင်းမှု (သုံးမျိုး) ကို စောင့်ရှောက်ရာ၏၊ နှုတ်ဖြင့် မကောင်းမှုမှ စောင့်ရှောက်ရာ၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပယ်၍ နှုတ်ဖြင့်ပင် ကောင်းသော အကျင့်ကို ကျင့်ရာ၏။
Let a man guard himself against irritability in speech; let him be controlled in speech. Abandoning verbal misconduct, let him practise good conduct in speech.
စိတ်နှင့် ဆိုင်ရာ မကောင်းမှု (သုံးမျိုး) ကို စောင့်ရှောက်ရာ၏၊ စိတ်ဖြင့် မကောင်းမှုမှ စောင့်ရှောက်ရာ၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပယ်၍ စိတ်ဖြင့်ပင် ကောင်းသော အကျင့်ကို ကျင့်ရာ၏။
Let a man guard himself against irritability in thought; let him be controlled in mind. Abandoning mental misconduct, let him practise good conduct in thought.
ပညာရှိတို့သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုမှ စောင့်ရှောက်ကုန်၏၊ ထို ကိုယ် နှုတ် စိတ် သုံးပါးတို့ဖြင့် ကောင်းစွာ စောင့်ရှောက်သော ပညာရှိတို့သည်သာလျှင် ကောင်းစွာ စောင့်ရှောက်သော သူတို့ မည်ကုန်၏။
The wise are controlled in bodily action, controlled in speech and controlled in thought. They are truly well-controlled.
ကျမ်းကိုး ။ ။ ဓမ္မပဒ ၊ ပြုစုသူ –> ဦးသေဋ္ဌိလ ၊ Acharya Buddharakkhita
Filed under: ဓမ္မပဒ
No comments:
Post a Comment