Monday, January 23, 2017

လူမိုက်၏သဘော ၉

လူမိုက်၏သဘော ( ၉ )

အကြင်အဆွေခင်ပွန်းနှင့် ပေါင်းဖက်ခြင်းဖြင့် စိတ်ဆင်းရဲလျှင် ထိုသို့ ဆင်းရဲရကြောင်း ဆင်ခြင်သတိရ၍ ထိုအဆွေခင်ပွန်းကို မီးပုံကြီးကဲ့သို့  သတိပြုနေလေတော့။

ရှေးကကုသိုလ် အကုသိုလ်ကံတို့ ကြောင့် ယခုဘ၀၌ စံရ ခံရသည်ဟု မသိသောသူသည် လူမိုက်ဖြစ်၏ ။

သူမိုက်သည် ရေမပြည့်သောအိုး ဘောင်ဘင်ခတ်သည်နှင့်တူ၏ ။ ပညာရှိသောသူသည် ရေပြည့်သောအိုး ငြိမ်သက်နေသည်နှင့်တူ၏ ။

ချောင်းငယ် မြောင်းငယ်တို့ သည်အသံကြီးစွာပြုလျှက်စီး၏ ။ မြစ်ကြီးတို့ သည်ကားအသံမပြု ၊ ထို့ အတူ အကြားအမြင်နည်းသူသည်ပလွှားတတ်၏ ။

လူမိုက်သည် ပညာရှိကိုချီးမွမ်းလျှင် ချီးမွမ်းသည်မမည်။ ဒဏ်ပေးသည်မည်၏ ။ ပညာရှိက ပညာရှိကိုချီးမွမ်းမှ ချီးမွမ်းသည်မည်၏ ။

ပညာမဲ့သောလူမိုက်တို့ သည် မိမိတို့ ဂုဏ်ကို ပလွှားနေသော်လည်း မထင်ပေါ် ။ ပညာရှိကား တွင်း၌ ပုန်းနေသော်လည်း ထင်ပေါ်ထင်ရှားပါလိမ့်မည်။

စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်း ၊ စိုးရိမ်ပူဆွေးခြင်းတို့ ဖြင့် ယနေ့ နက်ဖြန်အမှန်ပျက်စီးရမည် ဖြစ်သောဤခန္တာကိုယ်အတွက် တရားကင်းသည့်အလုပ်ကို အဘယ်သူသည်ပြုလုပ်သင့်ပါသနည်း။

သတ္တ၀ါတို့ ၏အသက်သည် ရေ၏အတွင်း၌ထင်သောလရိပ်ကဲ့သို့ တုန်လှုပ်၍နေလေ၏။ ဤသဘော ရှိပါတကားဟုအမြဲမပြတ် ဆင်ခြင်စဉ်းစား၍ ကုသိုလ်ကောင်းမူ့ ကိုအစဉ်ပြုကျင့်ရာ၏။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည်

No comments:

Post a Comment