Saturday, January 14, 2017

ကဗာလာ မဟာဂန္ဓာရီဂိုဏ်း ပေါ်ပေါက်ပျံ့နှံ့ခြင်း !

ကဗာလာ မဟာဂန္ဓာရီဂိုဏ်း ပေါ်ပေါက်ပျံ့နှံ့ခြင်း !
-----
ကမ္ဘာပေါ်မှာ လူပေါ်တဲ့အချိန်ကနေစပြီး ဘာသာတရားများ ပေါ်ပေါက်လာသလိုပဲ ဂန္ဓာရီပညာရှင်များလည်း ပေါ်ပေါက်လာခဲ့တယ် ။ အဲ့ဒီ့ ဘာသာရေးခေါင်းဆောင်တွေ တမန်တော်တွေ စတာတို့ဟာ ဂန္ဓာရီပညာရှင်တွေဖြစ်ကြတယ် ။ ကဗလာပညာဟာ အစ္စရေး လူမျိုးတို့ရဲ့ ရှေးဟောင်း ဟီးဘရူး ဘာသာဝင်တို့က စတင်ခဲ့တာလို့ ဒီလိုဆိုပါတယ် ။ အာဒမ်နဲ့ ဧဝတို့ရဲ့ အနွယ်တော် အီဗရာဟမ်ဟာ အီဂျစ်ကို ရောက်လာပြီးနောက် ကဗာလာဂန္ဓာရီပညာကို ဂျူးတို့အား လက်ဆင့် ကမ်းခဲ့တာ ဖြစ်တယ် ။ ကဗာလာဆိုတဲ့ ဝေါဟာရဟာ ဟီဘရူးဘာသာနဲ့ဆိုရင် ရှေးရိုးစဉ်လာလို့ အဓိပ္ပါယ်သက်ရောက်ပါတယ် ။

တမန်တော် မိုးဇက်လက်ထက်မှာ မိုးဇက်က ပထမဆုံး ကဗာလာဂန္ဓာရီပညာဂိုဏ်းဝင်တစ်ဦးဖြစ်ပြီးတော့ တပည့် ၇၀ ကို တစ်ဖန် လက်ဆင့်ကမ်းကာ ကဗာလာဂန္ဓာရီပညာကို တစ်ဆင့်တစ်ဆင့် လက်ဆင့်ကမ်းခဲ့ပြီး ခရစ်ယာန်ဘာသာပေါ်ထွန်းလာတဲ့အခါမှာ အနောက်နိုင်ငံများနဲ့တကွ အာရပ်လောကထိပါ ပျံ့နှံ့သွားခဲ့ပါတယ် ။ ခရစ်ယာန်ဘာသာရဲ့ အတွင်းလမ်းဖြစ်တဲ့ နော့ဆစ်ဂိုဏ်းကြီးကို ထူထောင်ခဲ့တဲ့ တီယာနာဟာ ကဗာလာပညာရှင်တစ်ဦးဖြစ်တယ် ။ ဒါကြောင့် ကဗာလာဂန္ဓာရီပညာသည် ခရစ်ယာန် နော့ဆစ်ဝါဒီနဲ့ ရိုဆီခရစ်ဆီယံဂိုဏ်းတို့ကနေမှတစ်ဆင့် ပြန့်ပွားသွားရာ ခေတ်လယ်လောက်မှာတော့ အာရှအလယ်ပိုင်း ဒေသ သာမက အနောက်ကမ္ဘာတစ်ဝန်းသို့ပါ ပျံ့နှံ့သွားခဲ့ပါတော့တယ်ခင်ဗျာ ။

( ဆက်လက်ဖေါ်ထုတ်ပါအုန်းမည်

No comments:

Post a Comment